ဆိုင်ကလုန်း ချီဒိုကြောင့် သေဆုံးသူ များပြား

ဗီဒီယို ပုံစာ, ဆိုင်ကလုန်း ချီဒိုကြောင့် သေဆုံးသူ များပြား
ဆိုင်ကလုန်း ချီဒိုကြောင့် သေဆုံးသူ များပြား

အိန္ဒိယ သမုဒ္ဒရာထဲက ပြင်သစ်ပိုင် မယုတ်ကျွန်းမှာ ရာစုနှစ် တခုအတွင်း အဆိုးဆုံး မုန်တိုင်း တခု ဝင်ရောက် တိုက်ခတ်သွားခဲ့ပါတယ်။ အခုတော့ မုန်တိုင်းဒဏ်ခံခဲ့ရတဲ့ ဒေသခံတွေကို ကူညီကယ်ဆယ်ဖို့ ပြင်သစ် တပ်ဖွဲ့ဝင်တွေ၊ ကယ်ဆယ်ရေး အဖွဲ့တွေနဲ့ အကူအညီတွေ အဲဒီကို ဦးတည်သွားနေကြပြီ ဖြစ်ပါတယ်။ ဆိုင်ကလုံး မုန်တိုင်း ချီဒို စနေနေ့က ဝင်ရောက် တိုက်ခတ်သွားခဲ့ရာမှာ ကျွန်းပေါ်မှာ ရှိရှိသမျှ အဆောက်အအုံ အားလုံးနီးပါး ပျက်စီးခဲ့ရပြီး လူရာပေါင်းများစွာ အသက်ဆုံးရှုံးခဲ့ရတယ်လို့ ဆိုပါတယ်။ လျှပ်စစ်ဓာတ်အားနဲ့ ဆက်သွယ်ရေး လိုင်းတွေလည်း ပြတ်တောက်နေသလို လေဆိပ်နဲ့ ဆေးရုံတွေမှာလည်း အပျက်အစီး ကြီးမားပြီး စားနပ်ရိက္ခာရှားပါးမှုတွေနဲ့ ကြုံတွေ့ လာနေရပါတယ်။ လူဝီဆာ ဖေးလ်ဘီမ်းရဲ့ သတင်းကို မစန္ဒာဝင်းက ပြောပြမှာပါ။