ILO အစည်းအဝေးမှာ မြန်မာစစ်တပ်ကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်ချမှတ်
မြန်မာစစ်တပ်ကို ပစ်မှတ်ထားတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို အပြည်ပြည်ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်(ILO)က ဆွစ်ဇာလန်နိုင်ငံ၊ ဂျနီဗာမြို့မှာပြုလုပ်တဲ့အစည်းအဝေးမှာ ချမှတ်လိုက်ပါတယ်။ မြန်မာအလုပ်သမားတွေပေါ် စစ်တပ်ရဲ့ ဖိနှိပ်ချိုးဖောက်မှုတွေကို ဆက်မလုပ်နိုင်အောင် နိုင်ငံတကာ အစိုးရတွေ၊ လုပ်ငန်းရှင်တွေနဲ့ စစ်တပ်နဲ့ ဆက်နွှယ်မှုတွေကို ပြန်လည်ဆန်းစစ်ကြဖို့ အဲဒီဆုံးဖြတ်ချက်မှာပါရှိပါတယ်။ ဒီဆုံးဖြတ်ချက်ဟာ ပြည်တွင်းက အလုပ်ရှင်အလုပ်သမားတွေကို ထိခိုက်မှုရှိစေမှာ မဟုတ်ဘူးလို့ စစ်ကောင်စီက တုံ့ပြန်ပါတယ်။ အကြောင်းစုံကို ကိုမိုးမြင့်က ပြောပြပေးပါမယ်။