အမေရိကန် ရွေးကောက်ပွဲအပေါ် တရုတ်သဘောထား

အမေရိကန် ရွေးကောက်ပွဲအပေါ် တရုတ်သဘောထား

အမေရိကန် ပြည်ထောင်စုမှာ စူပါ အင်္ဂါနေ့ ရွေးကောက်ပွဲတွေ ကျင်းပခဲ့ပြီးနောက်မှာ နောက်လာမယ့် သမ္မတ ရွေးကောက်ပွဲဟာလည်း ဂျိုးဘိုင်ဒန်နဲ့ ဒေါ်နယ်ထရမ့်တို့ အကြား မကျေပွဲထပ်နွှဲကြမယ့် အရိပ်အယောင်တွေဟာ ပိုပြီး ပီပြင်လာနေပြီ ဖြစ်ပါတယ်။

တချိန်တည်းမှာပဲ ပစိဖိတ် တဖက်ကမ်းက ကမ္ဘာ့ မဟာ အင်အားကြီး နိုင်ငံ တခုမှာလည်း နိုင်ငံရေး ပွဲကြီးတခု ကျင်းပနေပါတယ်။ ဒါကတော့ တရုတ်ပြည်ပါ။ အဲဒီမှာ တက်ရောက်နေကြတဲ့ နိုင်ငံရေး ခေါင်းဆောင်တချို့နဲ့ ဘီဘီစီက ရှားရှားပါးပါး တွေ့ဆုံ စကား ပြောခွင့် ရခဲ့ပါတယ်။ အမေရိကန်က သမ္မတ ရွေးကောက်ပွဲမှာ ဘယ်သူ့ကို နိုင်စေချင်သလဲ ဆိုတာ သူတို့အမြင်ကို မေးကြည့်ခဲ့ပါတယ်။ ဘီဘီစီ သတင်းထောက် စတီဗင် မက်ဒေါ်နယ်လ်ရဲ့ သတင်းကို ကိုဘိုဘိုက ပြောပြမှာပါ။