၃၄၄ အမြောက်တပ်ကို အေအေနဲ့ ပူးပေါင်း အဖွဲ့တွေ တိုက်ခိုက်

၃၄၄ အမြောက်တပ်ကို အေအေနဲ့ ပူးပေါင်း အဖွဲ့တွေ တိုက်ခိုက်

ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်ထဲက ဂွ - ငသိုင်းချောင်း လမ်းမှာ ရှိတဲ့ စစ်ကောင်စီရဲ့ အမှတ် ၃၄၄ အမြောက်တပ်ကို အာရက္ခတပ်တော် အေအေနဲ့ ပူးပေါင်း တပ်တွေက လက်နက်ကြီးတွေ ပစ်ခတ်ပြီး ထိုးစစ်ဆင် တိုက်ခိုက်နေတာကြောင့် နှစ်ဘက် တိုက်ပွဲ ပြင်းထန်နေပါတယ်။ အမြောက်တပ် ၃၄၄ ကို သိမ်းပိုက် နိုင်ရင် ပုသိမ် - မုံရွာ ကားလမ်းကို ထိန်းချုပ် နိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဧရာဝတီ၊ ပဲခူးနဲ့ မကွေးတိုင်းတွေထဲက စစ်မျက်နှာတွေနဲ့ တစ်ဆက်စပ်တည်း ဖြစ်လာ နိုင်တယ် ဆိုပြီး စစ်ရေး လေ့လာသူတွေက သုံးသပ်နေကြပါတယ်။ ဒီအကြောင်း မစန္ဒာဝင်းက ပြောပြပေးမှာပါ။