ငလျင် ကယ်ဆယ်ရေး အပစ်ရပ်ကြေညာမှုတွေ အကောင်အထည် မဖော်နိုင်
မြန်မာ နိုင်ငံမှာ မတ်လ ၂၈ ရက်နေ့က ငလျင် လှုပ်ခတ်ခဲ့ပြီးနောက်မှာ လူသားချင်း စာနာမှု အကူအညီပေးရေး အတွက် စစ်ကောင်စီက အပစ်ရပ်ကြောင်း ကြေညာခဲ့တာ မနေ့က သက်တမ်းပြည့်ပါတယ်။ ငလျင် ကူညီရေး အတွက် တော်လှန်ရေး တပ်ဖွဲ့တွေ ဘက်ကလည်း အပစ်ရပ်ထားကြောင်း ကြေညာချက်တွေ ထုတ်ပြန်ခဲ့ကြပါတယ်။ ဒါပေမဲ့ အပစ်ရပ်ထားမယ်လို့ ကြေညာထားတဲ့ ကာလတွေ အတွင်းမှာ စစ်ကောင်စီဘက်က လေကြောင်း တိုက်ခိုက် မှုတွေကို လုပ်ဆောင်ခဲ့သလို၊ တော်လှန်ရေး တပ်ဖွဲ့တွေ ဘက်ကလည်း မြို့သိမ်းတိုက်ပွဲတွေ ဆင်နွှဲခဲ့ကြပါတယ်။ ဒီအကြောင်း မသီရိဇော်က ပြောပြပေးမှာပါ။