ရုရှားကို ဟန့်တားဖို့ ရုရှားနဲ့ကပ်လျက်နိုင်ငံတွေက စစ်မှုမထမ်းမနေရ စနစ် ပြန်ကျင့်သုံး
ရုရှားနိုင်ငံနဲ့ ကပ်လျက်နယ်စပ်မှာရှိတဲ့ နေတိုးအဖွဲ့ဝင် နိုင်ငံတစ်ချို့က သမ္မတပူတင်ကို ဟန့်တားဖို့အတွက် ယူကေအပါအဝင် အနောက်အုပ်စု မဟာမိတ်နိုင်ငံတွေကို စစ်မှုမထမ်းမနေရစနစ် ပြန်ကျင့်သုံးဖို့ တိုက်တွန်းထားပါတယ်။ စကန်ဒီနေးဗီးယားနဲ့ ဘောလ်တစ် ဒေသက နိုင်ငံအားလုံးမှာ သူတို့ရဲ့ စစ်မှုထမ်း စီမံကိန်းတွေကို ပြန်တိုးမြှင့် ဆောင်ရွက်နေကြပေမဲ့ ဗြိတိန်အစိုးရကတော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၆၀ ကအဆုံးသတ်ခဲ့တဲ့ စစ်မှုမထမ်းမနေရ အမိန့်ကို ပြန်ကျင့်သုံးဖို့ စဉ်းစားမှာ မဟုတ်ဘူးလို့ ပြောနေပါတယ်။ ရုရှားနယ်စပ် အက်စ်တိုးနီးယား နိုင်ငံကနေ ဘီဘီစီ သတင်းထောက် နစ်ခ် ဘိခ် ပေးပို့ထားတဲ့ အထူးသတင်းလွှာကို ကိုဇေယျာက ပြောပြမှာပါ။