ပုံရိပ်ယောင်နည်းပညာနဲ့ ပြတိုက်များ
ဒစ်ဂျစ်တယ် အချက်အလက်တွေနဲ့ သုံးစွဲသူရဲ့ ပတ်ဝန်းကျင် အခြေအနေတွေကို စုပေါင်းဖန်တီးထားတဲ့ ပုံရိပ်ယောင် နည်းပညာတွေကို တော်တော်များများ တွေ့လာရပါပြီ။ ပြတိုက်တွေမှာဆိုလည်း အဲဒီ ပုံရိပ်ယောင်တွေသုံးပြီး ပြကွက်တွေကို ပိုမို ဆန်းပြားအောင် ဖန်တီးထားကြပါတယ်။ ဘီဘီစီရဲ့ ကလစ် အစီအစဉ်က စပင်ဆာ ကယ်လီက လန်ဒန်က သဘာဝ သမိုင်းပြတိုက်မှာ ပြသထားတာတွေကို သွားရောက် လေ့လာခဲ့ပါတယ်။ ကိုရင်မောင်က ပြောပြမှာပါ။