နာလန်ထူဖို့ ကြိုးစားနေတဲ့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်း

ဗီဒီယို ပုံစာ, နာလန်ထူဖို့ ကြိုးစားနေတဲ့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်း
နာလန်ထူဖို့ ကြိုးစားနေတဲ့ ဘင်္ဂလားဒေ့ရှ် အထည်ချုပ်လုပ်ငန်း

ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ အရင် ဝန်ကြီးချုပ် ရှိတ်ခ် ဟာဆီနာကို ဖြုတ်ချခဲ့ပြီးတာ ၁ လကြာပြီးနောက် နာမည်ကျော် အဝတ်အထည် ကုမ္ပဏီကြီးတွေ ဖြစ်တဲ့ H&M၊ Zara နဲ့ Hugo Boss တို့ အတွက် ချုပ်လုပ်ပေးနေတဲ့ အထည်ချုပ် လုပ်ငန်းတွေလည်း တစစနဲ့ ပြန်လည် နာလန်ထနိုင်ဖို့ ကြိုးစားနေကြပါတယ်။ ဒါပေမဲ့ လက်ရှိ ကြားဖြတ်အစိုးရဟာ နှစ်နဲ့ချီပြီး ဖြေရှင်း ယူရမယ့် တခြား စီးပွားရေး စိန်ခေါ်မှုကြီးတွေကိုလည်း ရင်ဆိုင်နေရပါတယ်။ ဒါကာ မြို့တော်က ဘီဘီစီ သတင်းထောက် နစ်ဟေးလ် အင်နမ်ဒါ ပေးပို့ထားတဲ့ သတင်းကို ကိုမိုးမြင့်က ပြောပြမှာပါ။