ကက်ရှ်မီးယားမှာ ဘာကြောင့် မငြိမ်သက်မှုတွေ ဖြစ်နေလဲ

Indian troops on the Indian side of the Line of Control in Kashmir - one soldier looks through binoculars while the other looks in another direction 
ကက်ရှမီးယားဒေသ နှစ်နိုင်ငံထိန်းချုပ်မှုကိုခြားနားထားတဲ့မျဥ်း ပေါ်က အိန္ဒိယဘက်အခြမ်းမှာရှိတဲ့ အိန္ဒိယတပ်ဖွဲ့ဝင်တွေ။ စစ်သားတစ်ယောက်က မှန်ဘီလူးနဲ့ကြည့်နေချိန် အခြားတစ်ယောက်ကလည်း အခြားနေရာ တစ်ခုကို ကြည့်ရှုနေပုံ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဧပြီလ ၂၂ ရက်နေ့က ကက်ရှ်မီးယားဒေသမှာ သေနတ်သမားတွေ လက်ချက်နဲ့ လူ ၂၆ ယောက် သေဆုံးခဲ့ပြီးနောက်ပိုင်း အိန္ဒိယနဲ့ ပါကစ္စတန်အကြား ဆယ်စုနှစ် ၇ ခုကျော်အထိ ထိတွေ့တိုက်ခိုက်မှုတွေဖြစ်လေ့ရှိတဲ့ ဒီဟိမဝန္တာတောင်တန်းဒေသဟာ နောက်ထပ်တစ်ကြိမ် အာရုံစိုက်စရာဖြစ်လာပါတယ်။

အိန္ဒိယထဲကနေ ခွဲခြားပြီး ပါကစ္စတန်နိုင်ငံအဖြစ် တည်ထောင်ခဲ့တဲ့ ၁၉၄၇ ခုနှစ်ကတည်းက နျူကလီးယားလက်နက်ပိုင်ဆိုင်ကြတဲ့ အိမ်နီးချင်းနှစ်နိုင်ငံအကြား မွတ်ဆလင်အများစုနေထိုင်တဲ့ ဒီနယ်မြေအပေါ် နှစ်ဖက်စလုံးက အပြည့်အဝထိန်းချုပ်မှုရှိတယ်လို့ ဆိုနေကြပြီး တကယ်တမ်းအားဖြင့် တစ်စိတ်တစ်ပိုင်းသာ ထိန်းချုပ်ထားနိုင်တာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံရဲ့ အုပ်ချုပ်မှုအောက်လည်း တစ်စိတ်တစ်ပိုင်းရောက်နေတဲ့ ဒီဒေသဟာ ကမ္ဘာပေါ်မှာ စစ်ရေးပဋိပက္ခအများဆုံးရှိတဲ့ ဒေသတွေထဲက တစ်ခုလည်း ဖြစ်ပါတယ်။

ဒီဒေသအပေါ် ကိုယ်ပိုင်အုပ်ချုပ်ခွင့်အတိုင်းအတာတစ်ခုထိပေးထားတဲ့ အထူးအခွင့်အရေးကို အိန္ဒိယလွှတ်တော်က ၂၀၁၉ ခုနှစ်မှာ ရုပ်သိမ်းခဲ့ပါတယ်။

ဒီဒေသကို ပြည်ထောင်စုအုပ်ချုပ်ရေးနယ်မြေနှစ်ခုအဖြစ် ပိုင်းခြားခဲ့ပါတယ်။

အဲဒီကတည်းက ဒီဒေသထဲက လုံခြုံရေးအခြေအနေဟာ တိုးတက်လာပြီး အိန္ဒိယအုပ်ချုပ်ရေးအပေါ် ပုန်ကန်မှုတွေကတော့ အဟန့်အတားဖြစ်စေတယ်လို့ အိန္ဒိယအစိုးရက အကြိမ်ကြိမ် ပြောဆိုခဲ့ပါတယ်။

အင်္ဂါနေ့က လူသေဆုံးမှုတွေရှိခဲ့တဲ့ ဖြစ်စဥ်နောက်ပိုင်း အဲဒီပြောဆိုချက်တွေအပေါ် အကဲခတ်တွေက အိန္ဒိယအစိုးရကို မေးခွန်းထပ်ထုတ်နေကြပါတယ်။

A Pakistani soldier stands guard at a post as vehicles carrying UN military observers arrive to visit near the Line of Control
၂ နိုင်ငံနယ်စပ်မျဥ်းအနီးရောက်နေတဲ့ ကုလသမဂ္ဂလက်နက်ကိုင် စောင့်ကြည့်မှုအဖွဲ့ယာဥ် နားမှာစောင့်ကြပ်နေတဲ့ ပါကစ္စတန်စစ်သား။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နှစ်နိုင်ငံနယ်စပ်မျဥ်းအနီးရောက်နေတဲ့ ကုလသမဂ္ဂလက်နက်ကိုင် စောင့်ကြည့်မှုအဖွဲ့ယာဥ် နားမှာစောင့်ကြပ်နေတဲ့ ပါကစ္စတန်စစ်သား

၁၉၄၇ က စခဲ့တဲ့ သမိုင်း

အိန္ဒိယနဲ့ ပါကစ္စတန်တို့ ဗြိတိသျှတို့ထံကနေ လွတ်လပ်ရေးရတဲ့ ၁၉၄၇ ခုနှစ်နောက်ပိုင်း ဗြိတိသျှလက်အောက်ခံ မဟာရာဂျာတွေ အုပ်စိုးတဲ့ဒေသတွေကို အိန္ဒိယနဲ့ပါကစ္စတန် သူတို့ကြိုက်နှစ်သက်ရာနိုင်ငံဘက်ကို ပူးပေါင်းဖို့ ရွေးချယ်ခွင့် ပေးခဲ့ပါတယ်။

မွတ်ဆလင်အများစုရှိတဲ့ ကက်ရှ်မီးယားရဲ့ ခေါင်းဆောင် မဟာရာဂျာက ဟိန္ဒူဖြစ်ပြီး သူ့နာမည်က ဟာရီဆင်း ဖြစ်ပါတယ်။ နှစ်နိုင်ငံကြားက သူ့နယ်မြေအနာဂတ်နဲ့ ပတ်သက်လို့ မဆုံးဖြတ်နိုင် ဖြစ်ခဲ့ပါတယ်။ သယ်ယူပို့ဆောင်ရေးနဲ့ တခြားဝန်ဆောင်မှုတွေ ဆက်ရှိနေဖို့အတွက် ပါကစ္စတန်နဲ့ ကြားကာလ "ရပ်တန့်ထားတဲ့" သဘောတူညီချက်တစ်ရပ်ကို သူက လက်မှတ်ထိုးခဲ့ပါတယ်။

၁၉၄၇ ခုနှစ်၊ အောက်တိုဘာမှာတော့ မွတ်ဆလင်တွေအပေါ် တိုက်ခိုက်မှုရှိတယ်ဆိုတဲ့ သတင်းတွေနဲ့ ဟာရီဆင်းရဲ့ အချိန်ဆွဲတဲ့ နည်းဗျူဟာတွေကြောင့် ပါကစ္စတန်ဘက်က လူမျိုးစုတွေက ကက်ရှ်မီးယား ကို ကျူးကျော်ခဲ့ပါတယ်။

အဲဒီအခါ မဟာရာဂျာက အိန္ဒိယစစ်တပ်ရဲ့အကူအညီကို တောင်းခံခဲ့ပါတယ်။

From left to right: Pandit Jwawharlal Nehry, vice-president of the interim government; Lord Ismay, councillor to Lord Mountbatten and India's viceroy; Lord Mountbatten, and Ali Jinnah, president of the Muslim League for India
ဘယ်မှ ညာသို့ - ပန်ဒစ် ဂျာဝါဟာလာနေရူး၊ ကြားဖြတ်အစိုးရအဖွဲ့ဒုတိယသမ္မတ လော့ဒ်အစ္စမေး၊ လော့မောင့်ဘတ်တန်ကောင်စီ နဲ့  အိန္ဒိယဘုရင်ခံချုပ် လော့မောင့်ဘတ်တန်၊ အလီဂျင်းနဟ်၊ အိန္ဒိယမူဆလင်အဖွဲ့ချုပ် ဥက္ကဌ။

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ၁၉၄၇ ခုနှစ်၊ နယူးဒေလီမြို့မှာကျင်းပတဲ့ ညီလာခံတစ်ခုအတွင်း အိန္ဒိယကိုပိုင်းခြား ရေးကို သဘောတူခဲ့ကြတဲ့ အိန္ဒိယဘုရင်ခံချုပ် လော့ဒ် မောင့်ဘက်တန် (အလယ်လက်ယာ)နဲ့ အိန္ဒိယခေါင်းဆောင်တွေ
Skip podcast promotion and continue reading
ဘီဘီစီမြန်မာပိုင်း ညနေခင်းသတင်းအစီအစဉ်

နောက်ဆုံးရ သတင်းနဲ့ မျက်မှောက်ရေးရာအစီအစဉ်များ

ပေါ့ဒ်ကတ်စ်အစီအစဉ်များ

End of podcast promotion

နောက်ဆုံးမှာ မဲခွဲဆုံးဖြတ်မှုအပေါ် မူတည်ပေမဲ့ ယာယီအားဖြင့်တော့ ကက်ရှ်မီးယားကို အိန္ဒိယနဲ့တစ်ဆက်တည်းထားမှသာ ငြိမ်းချမ်းရေးအတွက် အကောင်းဆုံးဖြစ်မယ်လို့ အိန္ဒိယဘုရင်ခံချုပ် လော့မောင့်ဘက်တန်က ယုံကြည်ခဲ့ပါတယ်။

ဟာရီဆင်းဟာ အဲဒီလမှာပဲ နိုင်ငံခြားရေးနဲ့ ကာကွယ်ရေးမူဝါဒတွေကို အိန္ဒိယအစိုးရ ကိုင်တွယ်ထိန်းချုပ်ခွင့် ပေးအပ်ခဲ့ပြီး အိန္ဒိယလက်အောက်ခံအဖြစ် Instrument of Accession ဆိုတဲ့ စာချုပ်ကို လက်မှတ်ရေးထိုးခဲ့ပါတယ်။

အဲဒီဒေသရဲ့ နယ်မြေ ၃ ပုံ ၂ ပုံကို အိန္ဒိယတပ်ဖွဲ့ဝင်တွေက နေရာယူခဲ့ပြီး မြောက်ပိုင်းက ကျန်ရှိတဲ့ အစိတ်အပိုင်းကို ပါကစ္စတန်က သိမ်းယူခဲ့ပါတယ်။ ကက်ရှ်မီးယား အရှေ့ဘက်ပိုင်းက အက်ဆိုင်းချင်းဆိုတဲ့ဒေသကိုတော့ တရုတ်က သိမ်းပိုက်ခဲ့ပါတယ်။

အိန္ဒိယလက်အောက်ခံအဖြစ် ပေါင်းစည်းတဲ့စာချုပ် ဒါမှမဟုတ် အိန္ဒိယတပ်ဖွဲ့တွေ ဝင်ရောက်လာတာက ပါကစ္စတန်နဲ့ အိန္ဒိယတို့အကြား ပထမဆုံး အဓိကအငြင်းပွားရာအကြောင်းရင်းအဖြစ် ရှိနေဆဲပါ။

အိန္ဒိယကတော့ ဟာရီဆင်းက အရင်လက်မှတ်ထိုးပြီးမှ သူတို့တပ်တွေကို တရားဝင် ချထားတာလို့ ဆိုပါတယ်။

ပါကစ္စတန်ဘက်ကတော့ အိန္ဒိယတပ်ဖွဲ့ဝင်တွေမရောက်လာခင်မှာ မဟာရာဂျာအနေနဲ့ လက်မှတ်ထိုးဖို့ဆိုတာ မဖြစ်နိုင်ကြောင်း အခိုင်အမာပြောဆိုခဲ့ပြီး မဟာရာဂျာနဲ့ အိန္ဒိယတို့ဟာ မဟာရာဂျာနဲ့ ပါကစ္စတန်တို့ သဘောတူထားတဲ့ ကြားကာလ "ရပ်တန့်ထားတဲ့" သဘောတူညီချက်ကို မျက်ကွယ်ပြုခဲ့ကြတယ်လို့ ပါကစ္စတန်က ပြောခဲ့ပါတယ်။

Pakistan's flag and buildings viewed from Seemari village in Kupwara, on India's side of the Line of Control in Kashmir
ကက်ရှမီးယားဒေသ နှစ်နိုင်ငံထိန်းချုပ်မှုကိုခြားနားထားတဲ့မျဥ်း ပေါ်က အိန္ဒိယဘက်အခြမ်းမှာရှိတဲ့ ကွပ်ဝါရာ ကျေးရွာကနေ စစ်သားတစ်ဦးက ပါကစ္စတန်အလံနဲ့ အဆောက်အဦးတွေကိုတွေ့မြင်နေရပုံ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, ကက်ရှ်မီးယား နှစ်နိုင်ငံ ထိန်းချုပ်နယ်မြေသတ်မှတ်မျဥ်းရဲ့ အိန္ဒိယဘက်အခြမ်းမှာရှိတဲ့ ဆီမာရီကျေးရွာကနေ စစ်သားတစ်ဦးက ပါကစ္စတန်အလံနဲ့ အဆောက်အအုံတွေကို ကြည့်နေပုံ

ကက်ရှ်မီးယားအနေအထားကို ပြည်လုံးကျွတ်ဆန္ဒခံယူပြီး ဆုံးဖြတ်ဖို့ ပါကစ္စတန်ကတောင်းဆိုပေမဲ့ အိန္ဒိယကတော့ အိန္ဒိယပြည်နယ်နဲ့ အမျိုးသားရွေး ကောက်ပွဲတွေမှာ မဲပေးကြတာက ကက်ရှ်မီးယားဟာ အိန္ဒိယလက်အောက်ခံဖြစ်တယ်ဆိုတာ အတည်ပြုပြီးသားဖြစ်နေပြီးပြီလို့ ပြောပါတယ်။

ပါကစ္စတန်ကတော့ ကုလသမဂ္ဂဆုံးဖြတ်ချက်တွေကို ကိုးကားပြီး ကုလသမဂ္ဂ ကမကထလုပ်တဲ့ ဆန္ဒခံယူပွဲကို လုပ်ဖို့ ပြောပေမဲ့ အိန္ဒိယကတော့ တစ်ပြည်နယ်ချင်းကို အခြေခံပြီး နှစ်နိုင်ငံအကြားပြဿနာကို ဖြေရှင်းဖို့ ၁၉၇၂ ခုနှစ် ဆင်းမ်လား သဘောတူညီချက်က စည်းနှောင်ပြီးသားလို့ ပြောပါတယ်။

အဲဒီလိုအနေအထားကနေ ပြောင်းလဲလာတဲ့ သိသာတဲ့ တိုးတက်မှုတွေတော့ ပြီးခဲ့တဲ့ ဆယ်စုနှစ်တွေအတွင်းမှာ မရှိသေးပါဘူး။

ကက်ရှ်မီးယားဒေသခံအချို့ကတော့ တတိယနည်းလမ်းအဖြစ် လွတ်လပ်တဲ့နိုင်ငံအဖြစ်တည်ရှိဖို့ ကြိုးပမ်းကြပေမဲ့ အိန္ဒိယရော ပါကစ္စတန်ကပါ ဒါကို စဥ်းစားမယ့်ပုံမရှိပါဘူး။

A Pakistani soldier stands on the edge of a rock face with his gun resting on the ground, looking over the Line of Control into Indian-istered Kashmir 
အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှမီးယားကို ကြည့်နေတဲ့ ပါကစ္စတန်လုံခြုံရေးအစောင့် စစ်သား

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားကို ကြည့်နေတဲ့ ပါကစ္စတန်လုံခြုံရေးအစောင့် စစ်သား

ကက်ရှ်မီးယားကိစ္စနဲ့ပတ်သက်ပြီး နှစ်နိုင်ငံအကြား ၁၉၄၇-၄၈ နဲ့ ၁၉၆၅ ခုနှစ်တို့မှာ စစ်ပွဲတွေ ဖြစ်ပွားခဲ့ကြပါတယ်။

နှစ်နိုင်ငံအကြား မူလအပစ်အခတ်ရပ်စဲရေးကို တရားဝင်ဖော်ဆောင်နိုင်ခဲ့ကာ ဆင်းမ်လားသဘောတူညီချက်ထဲမှာ ၂ နိုင်ငံထိန်းချုပ်မှုကို ခြားနားထားတဲ့မျဥ်းကို သတ်မှတ်ခဲ့ပါတယ်။ ဒီမျဥ်းတားပြီးပေမဲ့ စီယက်ဟန် ဂလေစီယာ ရေခဲတောင်နဲ့ပတ်သက်ပြီး ၁၉၉၁ ခုနှစ်မှာ ထိတွေ့တိုက်ခိုက်မှု ဆက်ဖြစ်ခဲ့ပါတယ်။အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ၂၀၀၂ ခုနှစ်မှာလည်း စစ်ဖြစ်လုနီးပါး အခြေအနေ ရောက်ခဲ့ပါတယ်။

၁၉၈၉ ခုနှစ်မှာ အစ္စလာမ္မစ်တွေ ဦးဆောင်တဲ့ ပုန်ကန်ထကြွမှုတွေကလည်း အခြေအနေကို ပိုရှုပ်ထွေးစေခဲ့ပါတယ်။ အိန္ဒိယကတော့ စစ်တပ်အထူးအာဏာများဥပဒေ (AFSPA) ကိုပြဋ္ဌာန်းပြီး ဒီပုန်ကန်ထကြွမှုတွေကို အဆိုးသတ်ဖို့ စစ်တပ်ကို လုပ်ပိုင်ခွင့်အာဏာတွေ ထပ်ပေးခဲ့ပါတယ်။

AFSPA ကို ရံဖန်ရံခါမှာ ပြန်လည်သုံးသပ်တာတွေ ရှိပေမဲ့လည်း အိန္ဒိယ ထိန်းချုပ်ထားတဲ့ ဂျမူးနဲ့ ကက်ရှ်မီးယားနယ်မြေထဲမှာ ဒီဥပဒေက ဆက်ရှိနေဆဲပါ။

Village houses in Kel, on the Pakistani side of the Line of Control
နှစ်နိုင်ငံထိန်းချုပ်မှုကို့ခြားနားထားတဲ့မျဥ်းပါကစ္စတန်ဘက်က ကယ်လ်ကျေးရွာထဲက အိမ်များ

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, နှစ်နိုင်ငံထိန်းချုပ်မှုခြားနားထားတဲ့မျဥ်းရဲ့ ပါကစ္စတန်ဘက်ခြမ်းက ကယ်လ်ကျေးရွာထဲက အိမ်များ

ကက်ရှ်မီးယားသမိုင်းထဲက အထင်ကရနေ့စွဲများ

  • ၁၈၄၆ - မဟာရာဂျာ အုပ်စိုးတဲ့ ကက်ရှ်မီးယားပြည်နယ်အဖြစ် ပေါ်ပေါက်
  • ၁၉၄၇-၄၇ - ပါကစ္စတန်မျိုးနွယ်စုလက်နက်ကိုင်တွေ တိုက်ခိုက်မှုအပြီး ကက်ရှ်မီးယားကို အိန္ဒိယလက်အောက်ခံအဖြစ် အိန္ဒိယနဲ့ မဟာရာဂျာတို့အကြား သဘောတူစာချုပ်လက်မှတ်ထိုးခဲ့။ အိန္ဒိယနဲ့ ပါကစ္စတန်အကြား စစ်ဖြစ်ခဲ့။
  • ၁၉၄၉ - အပစ်ခတ်ရပ်စဲရေး နယ်ခြားစည်းသတ်မှတ်နိုင်ခဲ့ပြီး အိန္ဒိယနဲ့ ပါကစ္စတန်ထိန်းချုပ်မှုကို ဒီစဥ်းနဲ့ ပိုင်းခြားခဲ့။
  • အက်ဆိုင်းချင်းနယ်စပ်ဧရိယာအပေါ် နှစ်နိုင်ငံအငြင်းပွားပြီး အိန္ဒိယ-တရုတ်ကြား အချိန်တို စစ်ပွဲ ဖြစ်ပွားခဲ့ပြီး တရုတ်က အနိုင်ရခဲ့။
  • ၁၉၆၅- ကက်ရှ်မီးယားဒေသအရေး ဒုတိယအကြိမ် အိန္ဒိယ-ပါကစ္စတန်စစ်ပွဲဖြစ်ခဲ့ပြီး အပစ်ခတ်ရပ်စဲရေးနဲ့ အဆုံးသတ်ခဲ့။
  • ကက်ရှ်မီးယားအမျိုးသားရေးဝါဒ ခေါင်းထောင်လာ - ဂျမူးကက်ရှ်မီးယား လွတ်မြောက်ရေးတပ်ဦးကို ထူထောင်ပြီး နှစ်နိုင်ငံလုံးထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားနယ်မြေတွေကိုပေါင်းစပ်ပြီး လွတ်လပ်တဲ့နိုင်ငံအဖြစ် တည်ထောင်ဖို့ ရည်ရွယ်ခဲ့။
  • ၁၉၇၂ - ဆင်းမ်လားသဘောတူညီချက် - စစ်ပွဲအပြီး အိန္ဒိယနဲ့ ပါကစ္စတန်တို့ကြား မတူညီမှုတွေကို ညှိနှိုင်းဖြေရှင်းမှု ပုံစံသစ် တစ်စိတ်တစ်ပိုင်းအဖြစ် အပစ်အခတ်ရပ်စဲရေးမျဥ်းကို နှစ်နိုင်ငံထိန်းချုပ်နယ်မြေခြားနားတဲ့မျဥ်း (LOC) ကို တရားဝင်အတည်ပြုခဲ့။ အဲဒီစစ်ပွဲပြီးနောက်မှာတော့ ပါကစ္စတန်ကနေ ဘင်္ဂလားဒေ့ရှ်က ခွဲထွက်ခဲ့။
  • ၁၉၈၀-၉၀ ပြည့်လွန်နှစ်များ - ကက်ရှ်မီးယားပုန်ကန်ထကြွမှု - အိန္ဒိယအုပ်ချုပ်မှုအပေါ် မကျေနပ်ခြင်းက လက်နက်ကိုင်ပုန်ကန်ခြင်းဆီ ဦးတည်ခဲ့။ ဆန္ဒကပြမှုကြီးတွေ ပေါ်ပေါက်ခဲ့ပြီး ပါကစ္စတန် ကျောထောက်နောက်ခံပေးထားတဲ့ လက်နက်ကိုင်အဖွဲ့တွေ ပေါ်လာ။ သောင်းနဲ့ချီတဲ့ ပြည်သူတွေ သတ်ဖြတ်ခံရ။
  • ၁၉၉၉ - နှစ်နိုင်ငံထိန်းချုပ်နယ်မြေခြားနားတဲ့မျဥ်းကိုကျော်ဖြတ်ပြီး အိန္ဒိယ ထိန်းချုပ်ထားတဲ့ ကာဂေးလ်ထဲကို လက်နက်ကိုင်တွေ ဝင်ရောက်လာပြီး နောက် အိန္ဒိယနဲ့ ပါကစ္စတန်တို့အကြား ကာလတို ထိတွေ့တိုက်ခိုက်မှုဖြစ် ။
  • ၂၀၀၈- နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအဖြစ် နှစ်နိုင်ငံ ထိန်းချုပ်နယ်မြေခြားနားတဲ့မျဥ်း တစ်လျှောက်မှာ ကုန်သွယ်ရေးလမ်းကို အိန္ဒိယနဲ့ ပါကစ္စတန်အကြားမှာ ဖွင့်လှစ်နိုင်ခဲ့
  • ၂၀၁၀ - အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယားဒေသအတွင်း အိန္ဒိယကို ဆန့်ကျင်တဲ့ဆန္ဒပြပွဲဖြစ်ပွားခဲ့ပြီး လူငယ် ၁၀၀ ကျော် သတ်ဖြတ်ခံခဲ့ရ။
  • ၂၀၁၅ - နိုင်ငံရေး အပြောင်းအလဲ - ဂျမူးနဲ့ ကက်ရှ်မီးယားတို့က ရွေးကောက်ပွဲတွေမှာ လက်ရှိအိန္ဒိယအာဏာရပါတီဖြစ်တဲ့ ဟိန္ဒူအမျိုးသားရေး BJP ပါတီက ညွန့်ပေါင်းအစိုးရတစ်စိတ်တစ်ပိုင်အဖြစ် ဒေသတွင်းက မွတ်ဆလင်ပြည်သူ့ဒီမိုကရက်တစ်ပါတီနဲ့ ပေါင်းလိုက်တဲ့အခါ ဒီဒေသတွင်းမှာ ပထမဆုံးအကြိမ် အဓိကနိုင်ငံရေးအင်အားစု ဖြစ်လာ။
  • ၂၀၁၉- ဂျမူး-ကက်ရှ်မီးယားပြည်နယ်ကို အထူးအခွင့်အရေးအဖြစ်ပေး ထားခဲ့တဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို ပြန်လည်ရုပ်သိမ်းခဲ့ပါတယ်။ ဂျမူး-ကက်ရှ်မီးယားပြည်နယ်တွေဟာ ပြည်ထောင်စုအစိုးရရဲ့ အုပ်ချုပ်နယ်မြေ နှစ်ခုအဖြစ် ပိုင်းခြားခဲ့ရပါတယ်။
Landscape view of a rice field with village and snow mountain at Pahalgam in Indian-istered Kashmir
အိန္ဒိယထိန်းချုပ်နယ်မြေ ကက်ရှမီးယားထဲက Pahalgam စပါးခင်းတွေနဲ့ ကျေးရွာတွေ အပြင် နှင်းတောင်တွေရဲ့ မြေယာရှုခင်းမြင်ကွင်း

ဓာတ်ပုံ ရင်းမြစ်, Getty Images

ဓာတ်ပုံ ပုံစာ, အိန္ဒိယထိန်းချုပ်တဲ့ ကက်ရှ်မီးယားထဲက ပဟဲဂမ်က စပါးခင်းများ