ကမ္ဘာကြီးပူနွေးလာမှုနဲ့ ရင်ဆိုင်နေရတဲ့ ပါကစ္စတန်
မကြာသေးခင်နှစ်ပိုင်းတွေ အတွင်းက စပြီး ကမ္ဘာကြီးမှာ ရေကြီးတာ၊ မိုးခေါင်ရေရှားတာနဲ့ အပူလှိုင်းတွေ တော်တော်ဆိုးဆိုးရွားရွား ဖြစ်လာပါတယ်။ ပါကစ္စတန်ဆိုရင် ရာသီဥတုပြောင်းလဲမှုရဲ့ ဒဏ်ကို အဆိုးဆုံး ရင်ဆိုင်ခဲ့ရတဲ့ နိုင်ငံတွေထဲက တခုလည်း ဖြစ်ပါတယ်။ ပါကစ္စတန်က ထောင်နဲ့ ချီပြီး ရှိတဲ့ ရေခဲတောင်ကြီးတွေ ကမ္ဘာ့အပူချိန်တက်လာမှုကြောင့် အရည်ပျော်နှုန်း ထိတ်လန့်စရာ ကောင်းလောက်အောင် မြန်ဆန်လာခဲ့ပြီး ရေခဲတောင်ခြေက ရေကန်တွေနဲ့ မြစ်တွေမှာ ရေကြီး ရေလျှံတာတွေ ဖြစ်ခဲ့ပါတယ်။ ကိုင်ဘာ ပါတွန်းခွာ ပြည်နယ်ထဲက ချီထရာ ဆိုတဲ့ ဒေသမှာဆိုလည်း ရေခဲတောင် ရာပေါင်းများစွာ အရည်ပျော်ကျနေမှုကြောင့် အဲဒီ ဒေသတွင်းနေထိုင်ကြသူတွေရဲ့ အသက်နဲ့ နေ့စဉ်ဘဝတွေကို ခြိမ်းခြောက်နေပြီ ဖြစ်ပါတယ်။ မြစ်ရေကြောင့် ရွာဒါဇင်နဲ့ချီပြီး ပါသွားခဲ့တဲ့ ချီထရာဒေသကနေ ဘီဘီစီ အူရဒူ ဘာသာ ဌာနက အဇဇ်ဇူလာခန်း ပေးပို့ထားတဲ့ သတင်းကိုဇေယျာထွန်းက ပြောပြပေးမှာပါ။