သံတွဲမြို့ ဝန်းကျင် စစ်ကောင်စီနဲ့ AA တိုက်ပွဲတွေ ဖြစ်ပွား
ရခိုင်ပြည်နယ်တောင်ပိုင်းက နာမည်ကျော် ငပလီကမ်းခြေရှိတဲ့ သံတွဲမြို့မှာ စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA တို့အကြား နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ တိုက်ပွဲတွေအတွင်း အရပ်သားသေဆုံးမှုတွေ ရှိနေသလို စစ်ကောင်စီတပ်ဖွဲ့ဝင်တွေလည်း တစ်ဒါဇင်ကျော် သေဆုံးခဲ့တာတွေ့ရတယ်လို့ သံတွဲဒေသခံတွေကပြောပါတယ်။ တိုက်ပွဲပြင်းထန်နေတဲ့အတွက် နေရပ်စွန့်ခွာကြတဲ့ဒေသခံတွေ ပိတ်ဆို့မှုတွေကြားထဲ အခက်အခဲတွေနဲ့ ကြုံနေကြရတယ်လို့ သိရပါတယ်။အပြည့်အစုံကို ကိုမြင့်လွင်က ပြောပြပေးမှာပါ။