ကချင်ပြည်နယ်မှာ KIA ထိုးစစ်ကျယ်ပြန့်လာ
ကချင်ပြည်နယ် ပူတာအိုနဲ့ ဗန်းမော်ခရိုင်မှာ တိုက်ပွဲတွေ ပြင်းထန်နေပြီး ပူတာအိုမှာဆိုရင် ဆွမ်ပီယန်၊ တန်ဂျာရွာဘက်တွေမှာ တိုက်ပွဲတွေ ဖြစ်ပွားနေသလို ဗန်းမော်ခရိုင်ထဲမှာတော့ မိုးမောက်နဲ့ မံစီဘက် တိုက်ပွဲတွေ ဖြစ်နေပါတယ်။ ကချင် လွတ်မြောက်ရေး တပ်မတော် (KIA)ရဲ့ ထိုးစစ်တွေ ပိုကျယ်ပြန့်လာတာကြောင့် လက်ရှိ ပူတာအိုနဲ့ ဗန်းမော်ဒေသက တိုက်ပွဲ အခြေအနေတွေ ဘယ်လိုရှိသလဲ။ မသီရိဇော်က စုစည်းပြောပြပေးမှာပါ။