စင်္ကာပူမှာ သက်ကြီးဦးရေ တိုးလာ
စင်္ကာပူမှာ လူတွေ အသက်ပိုရှည်လာကြသလို ကလေး ယူတာလည်း နည်းလာကြပါတယ်။ အဲဒါကြောင့် မကြာခင်မှာ အလုပ်လုပ်နိုင်တဲ့ လူဦးရေထက် အငြိမ်းစားယူထားပြီးသား လူဦးရေက ပိုများလာမှာ ဖြစ်ပါတယ်။
နောက်ပြီး အငြိမ်းစားယူပြီးသူတွေ ထဲမှာလည်း တကိုယ်တည်းနေထိုင်ကြသူ စံချိန်တင်အောင် များနေပြီ ဖြစ်ပါတယ်။ ဒါကြောင့် လူမှုရေး နဲ့ စီးပွားရေး အကြပ်အတည်းတွေ ရင်ဆိုင်လာနေရပြီ ဖြစ်တဲ့ စင်္ကာပူအတွက် အစိုးရက သူတို့ သက်ကြီး ပြည်သူတွေအပေါ် ဘာလုပ်သင့်သလဲ ဆိုတာကို အဖြေထုတ်ပေးလိုက်ပါပြီ။ ဒါကတော့ အလုပ် လုပ်နေကြဖို့ပဲ ဖြစ်ပါတယ်။ ဘီဘီစီ သတင်းထောက် နစ်ခ် မာ့ရှ် က အဲဒီလို အလုပ်လုပ်နေကြဆဲ လူတွေနဲ့ တွေ့ဆုံထားတာကို ကိုဘိုဘိုက ပြောပြမှာပါ။