ရှမ်းမြောက်မှာ ဗုံးကြဲခြင်း တားဆီးဖို့ နိုင်ငံတကာကို ညီနောင် ၃ ဖွဲ့တောင်းဆို

ဗီဒီယို ပုံစာ, ရှမ်းမြောက်မှာ ဗုံးကြဲခြင်း တားဆီးဖို့ နိုင်ငံတကာကို ညီနောင် ၃ ဖွဲ့တောင်းဆို
ရှမ်းမြောက်မှာ ဗုံးကြဲခြင်း တားဆီးဖို့ နိုင်ငံတကာကို ညီနောင် ၃ ဖွဲ့တောင်းဆို

မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ ထိန်းချုပ်ထားတဲ့ နယ်မြေတွေမှာ စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတိုက်ခိုက်တာတွေကို တရုတ်အပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက တားဆီးပေးဖို့ မြောက်ပိုင်းညီနောင်ဖွဲ့သုံးဖွဲ့က တောင်းဆိုလိုက်ပါတယ်။ ဒီအပေါ် တရုတ်နိုင်ငံရဲ့ သဘောထားဘယ်လိုရှိနိုင်မလဲ။ တရုတ်နိုင်ငံက ဝင်ရောက်နားချ ပေးရင်ရော စစ်ကောင်စီက လက်ခံပါမလား။ တဘက်မှာလည်း တရုတ်နိုင်ငံက သူ့နိုင်ငံသားတွေကို ရှမ်းပြည်နယ်(မြောက်ပိုင်း) ပဋိပက္ခဖြစ်နေတဲ့နေရာတွေက ထွက်ခွာကြဖို့ သတိပေးချက် ထုတ်ပြန်ထားပါတယ်။ ဒီအခြေအနေတွေကို ကိုကျော်ဇေယျ အပြည့်အစုံ ပြောပြမှာပါ။