စစ်မှုထမ်း အကျုံးဝင်သူတွေ ပြည်ပထွက်ခွင့်မပြုဘူးလို့ သတင်းထွက်
မြန်မာနိုင်ငံအတွင်းကနေ ပြည်ပကို ထွက်ခွာမယ့် သူတွေထဲက ပြည်သူစစ်မှုထမ်းဥပဒေအရ အသက် ၁၈ ကနေ ၃၅ နှစ်အတွင်း အကျုံးဝင်သူတွေ စစ်မှုထမ်းပြီးမှ ပြည်ပကို ထွက်ခွာခွင့်ရမယ်ဆိုတဲ့ သတင်းတွေထွက်ပေါ်နေပါတယ်။ ဒီအပေါ်မှာ စစ်ကောင်စီဘယ်လိုတုံ့ပြန်ပါသလဲ။ စစ်မှုထမ်းဗဟိုအဖွဲ့က ပြောလာတဲ့ ပြည်သူစစ်မှုထမ်း ကိုယ်ရေးအချက်အလက် စီမံခန့်ခွဲမှုစနစ် ဆိုတာ ဘယ်လိုမျိုးပါလဲ။ ကိုမောင်က ပြောပြမှာပါ။