အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ

အိုးထိန်းတွင်းရွာ စာသင်ကျောင်းကို စစ်ကောင်စီ ဗုံးကြဲ

စစ်ကိုင်းတိုင်း၊ ဒီပဲယင်း မြို့နယ် အိုးထိန်းတွင်းရွာမှာ ရှိတဲ့ စာသင်ကျောင်းကို စစ်ကောင်စီဘက်က ဗုံးကြဲခဲ့တာကြောင့် ကလေးငယ်တွေ၊ ဆရာ ဆရာမ တွေ အပါအဝင် လူ ၂၀ ကျော် သေဆုံးခဲ့ရပြီး လူ ၅၀ ကျော် ထိခိုက် ဒဏ်ရာ ရရှိခဲ့ပါတယ်။

ဒီစာသင်ကျောင်းဟာ အမျိုးသား ညီညွတ်ရေး အစိုးရ NUG က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်း ဆိုတာကို သိရှိတဲ့ အတွက် ရည်ရွယ်ချက် ရှိရှိနဲ့ လေကြောင်းကနေ ဗုံးကြဲ ခဲ့တာလို့ ဒေသခံတွေက ပြောဆိုနေပါတယ်။ မစန္ဒာဝင်းက ပြောပြပေးမှာပါ။ ဒီသတင်းထဲမှာ စိတ်အနှောင့်အယှက် ဖြစ်စရာ ပုံရိပ်တွေ ပါဝင်ကြောင်း ကြိုတင် အသိပေးအပ်ပါတယ်။