သတ္တုတူးဖော်ရေး အမေရိကန်နဲ့ ယူကရိန်း သဘောတူ

ဗီဒီယို ပုံစာ, သတ္တုတူးဖော်ရေး အမေရိကန်နဲ့ ယူကရိန်း သဘောတူ
သတ္တုတူးဖော်ရေး အမေရိကန်နဲ့ ယူကရိန်း သဘောတူ

အမေရိကန်က အချိန်ကြာမြင့်စွာ စောင့်မျှော်နေခဲ့တဲ့ ယူကရိန်းရဲ့ သတ္တုရင်းမြစ် တူးဖော်ရေး သဘောတူညီချက် တစ်ခုကို လက်မှတ်ရေးထိုးနိုင်ခဲ့ပါတယ်။ ဒီသဘောတူညီချက်ထဲမှာ ရုရှားနဲ့ စစ်ပွဲ အပြီးမှာ ယူကရိန်းရဲ့ စီးပွားရေး ပြန်လည် ဦးမော့လာစေဖို့ ရင်းနှီးမြှုပ်နှံမှု ရန်ပုံငွေ တစ်ရပ် ထူထောင်ဖို့ ကိစ္စလည်း ပါဝင်ပါတယ်။ ဒီသဘောတူညီချက်ကြောင့် ယူကရိန်းရဲ့ အရင်းအမြစ်တွေ ဖြစ်တဲ့၊ ရေနံ၊ သဘာဝ ဓာတ်ငွေ့နဲ့ ဓာတ်သတ္တု ထူးဖော်ရေး လုပ်ငန်းတွေကနေ တဆင့် အမေရိကန်ကို အကျိုး အမြတ် ရရှိစေမှာဖြစ်သလို၊ ယူကရိန်းအတွက်လည်း အကျိုးရှိနိုင်ပါတယ်။ ဘီဘီစီ သတင်းထောက် ဂျိတ် ကွမ် ရဲ့ သတင်းကို ကိုဇေယျာက ပြောပြပေးမှာပါ။