ယူကရိန်းရဲ့ ရေပြင်ဒရုန်း

ဗီဒီယို ပုံစာ, ယူကရိန်းရဲ့ ရေပြင်ဒရုန်း
ယူကရိန်းရဲ့ ရေပြင်ဒရုန်း

ယူကရိန်းမှာ စစ်သင်္ဘောတွေ မရှိပါဘူး။ ဒါပေမယ့် သူတို့ ရဲ့ လက်ချက်နဲ့ ရုရှားရဲ့ ပင်လယ်နက် ရေတပ်ရဲ့ ၄ ပုံ ၁ ပုံ ပျက်စီးခဲ့ရပြီလို့ ခန့်မှန်းထားကြပါတယ်။ အဲဒီလို စွမ်းဆောင်နိုင်ခြင်းမှာ အခရာကျတာကတော့ ပင်လယ်သုံး ဒရုန်းတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးချပြီး ရုရှား စစ်သင်္ဘောတွေကို တိုက်ခိုက်နိုင်ကြတာကြောင့် ဖြစ်ပါတယ်။ ဘီဘီစီသတင်းထောက် အဘူဂျာလီ အဗ္ဗဒူရာဆူလော့ဗ်က ဒီလို စစ်ဆင်ရေးတွေ လုပ်နေတဲ့ လျှို့ဝှက်တပ်ဖွဲ့ တခုကို ရှားရှားပါးပါး လေ့လာ သတင်းယူခွင့် ရခဲ့ပါတယ်။ ကိုမင်းထက်က ပြောပြမှာပါ။