ဆီးရီးယားကို HTS ဘယ်လိုပုံစံနဲ့ အုပ်ချုပ်မလဲ

ဗီဒီယို ပုံစာ, ဆီးရီးယားကို HTS ဘယ်လိုပုံစံနဲ့ အုပ်ချုပ်မလဲ
ဆီးရီးယားကို HTS ဘယ်လိုပုံစံနဲ့ အုပ်ချုပ်မလဲ

ကုလသမဂ္ဂ ရွှေ့ပြောင်းနေထိုင်သူများ ဆိုင်ရာဌာနရဲ့ အကြီးအကဲက ဆီးရီးယားဟာ ပြည်ပကို ပြေးသွားကြတဲ့ ဒုက္ခသည်တွေ အများအပြား ပြန်လည် ဝင်ရောက် အခြေချနိုင်လောက်တဲ့ အထိ အခြေအနေတွေ မတည်ငြိမ်သေးကြောင်း သတိပေးလိုက်ပါတယ်။ ဆီးရီးယား အနောက်မြောက်ပိုင်းမှာ ရှိတဲ့ အစ်လစ်ဘ် မြို့ကိုဆိုရင် အခု ဒမတ်စကပ်စ်မှာ အုပ်ချုပ်ရေးယန္တရား တည်ဆောက်ဖို့ ကြိုးစားနေတဲ့ HTS လက်နက်ကိုင်အဖွဲ့ နဲ့ ဆက်စပ်တဲ့ အာဏာပိုင်တွေက ပြီးခဲ့တဲ့ ၂၀၁၇ နောက်ပိုင်းက စပြီးအုပ်ချုပ်ခဲ့တာ ဖြစ်ပါတယ်။ အဲဒါကြောင့် သူတို့ တနိုင်ငံလုံးကို ဘယ်လို အုပ်ချုပ်မလဲ ဆိုတာ အစ်လစ်ဘ် အုပ်ချုပ်ရေးကို ကြည့်ပြီး မှန်းဆလို့ ရနိုင်ပါတယ်။ ဘီဘီစီရဲ့ အရှေ့အလယ်ပိုင်း ရေးရာ သတင်းထောက် ဟျူဂို ဘရှေးဂါးရဲ့ သတင်းကို ကိုကျော်ဇေယျက ပြောပြမှာပါ။