အနောက်ဘက်ကမ်းမှာ အစ္စရေး လက်နက်ကိုင်အရပ်သားတွေက ပါလက်စတိုင်းတွေကို တိုက်ခိုက်
အနောက်ဘက်ကမ်း ဒေသထဲမှာ အခြေချနေထိုင်နေကြတဲ့ ဂျူးလူမျိုး အရပ်သားတွေထဲက လက်နက်ကိုင်ထားသူတွေက ပါလက်စတိုင်းတွေကို တိုက်ခိုက်မှုတွေ သိသိသာသာ တိုးလာတဲ့ အပေါ် အစ္စရေးရဲ့ မဟာမိတ်တွေက ပြစ်တင်ရှုတ်ချလိုက်ပါတယ်။ ဘာသာရေး ကိုင်းရှိုင်းတဲ့ ဂျူးတချို့က ဒီနယ်မြေဒေသတွေကို ဘုရားသခင်က သူတို့ အတွက် ပေးထားတာလို့ ယုံကြည်ကြသလို အဲဒီမှာ နေထိုင်ကြသူတွေထဲက အကြီးအကဲ ခေါင်းဆောင်တချို့ကလည်း သူတို့ ဘာသာ ကာကွယ်နေကြတာ ဖြစ်တယ်လို့ ပြောပါတယ်။ ဘီဘီစီရဲ့ နိုင်ငံတကာ သတင်း အယ်ဒီတာ ဂျယ်ရမီ ဘိုဝင် အနောက်ဘက်ကမ်း ဒေသဆီက ပေးပို့ထားတဲ့ သတင်းကို ကိုဘိုဘို က ပြောပြမှာပါ။