မြန်မာတချို့ ဖွင့်ဟတဲ့ ကျောက်ကပ်ထုတ်ရောင်းမှု

မြန်မာတချို့ ဖွင့်ဟတဲ့ ကျောက်ကပ်ထုတ်ရောင်းမှု

အိန္ဒိယမှာ ကျောက်ကပ်ခွဲစိတ်ရောင်းချခဲ့သူ ရှစ်ဦးနဲ့ ဘီဘီစီက စကားပြောခွင့် ရခဲ့ပါတယ်။ အဲဒီ့ လူရှစ်ဦးထဲမှာ မြန်မာနိုင်ငံက ကိုဇေယျလည်း တစ်ယောက် အပါအဝင်ဖြစ်ပါတယ်။ အိန္ဒိယမှာ ကျောက်ကပ်ခွဲစိတ်ဖို့ သက်လတ်ပိုင်းအရွယ် ပွဲစားဆိုသူတွေရဲ့အကူအညီနဲ့ စာရွက်စာတမ်းတုတွေ အသုံးပြုခဲ့တယ်လို့ ဘီဘီစီကို ပြောပါတယ်။ မြန်မာနိုင်ငံသားတချို့ပါဝင်ပတ်သက်နေတဲ့ 'ကျောက်ကပ်ရောင်းချမှုတွေ'အကြောင်းတင်ဆက်ပေးထားပါတယ်။