KIO နဲ့ တွေ့ဆုံရာမှာ တရုတ်ဘာတွေ တောင်းဆိုခဲ့သလဲ

KIO နဲ့ တွေ့ဆုံရာမှာ တရုတ်ဘာတွေ တောင်းဆိုခဲ့သလဲ

ကချင် လွတ်လပ်ရေး အဖွဲ့ KIO ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ဂမ်ရှောင်နဲ့ တရုတ်အထူးသံတမန် တိန်ရွှီကျင်းတို့ ပြီးခဲ့တဲ့ လကုန်ပိုင်းက တရုတ်မြန်မာနယ်စပ် ထိန်ချုံးမြို့မှာ တွေ့ဆုံရာမှာ တရုတ်ဘက်က အချက် ၄ ချက် တောင်းဆိုဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ တရုတ်ရဲ့တောင်းဆိုချက်တွေကို KIO ဘက်က ဘယ်လို တုံ့ပြန် စဉ်းစားနိုင်ခြေ ရှိပါသလဲ။ တရုတ်တောင်းဆိုချက်တွေ ဖြစ်မလာရင် မြေပြင်တိုက်ပွဲတွေအပေါ် ရိုက်ခတ်လာနိုင်ပါလား။ မသီရိဇော်က ပြောပြမှာပါ။