မျောက်ကျောက် -အမ်ပေါက်စ် ထိုင်းမှာ စတွေ့

မျောက်ကျောက် -အမ်ပေါက်စ် ထိုင်းမှာ စတွေ့

မျောက်ကျောက်ရောဂါ လို့ လူသိများတဲ့ အမ်ပေါက်စ် ရောဂါ ကူးစက်ခံထားရသူ တဦး မြန်မာနဲ့ ကပ်လျက် ထိုင်းနိုင်ငံထဲမှာ တွေ့လာရတဲ့နောက်၊ မြန်မာပြည်ထဲမှာရော၊ သန်းနဲ့ချီရှိနေတဲ့ ထိုင်းရောက် မြန်မာအသိုင်းအဝိုင်းကြားမှာပါ စိုးရိမ်မှုတွေရှိလာပါတယ်။ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကတော့ Mpox ဟာ ကိုဗစ်လို ကမ္ဘာ့ကပ်ရောဂါ တစ်ခု နောက်တချီ ထပ်လာတာမျိုး မဟုတ်ဘူးဆိုပြီး အစိုးရိမ်မကြီးဖို့ သတိပေးထားပါတယ်။ နောက်ပြီး ကာကွယ် တိုက်ဖျက်ဖို့တော့ နိုင်ငံတိုင်း လုပ်ဆောင်ရမယ်လို့ ဆိုပါတယ်။ ဒီတော့ Mpox ဟာ ဘယ်လို ကူးစက်နိုင်လဲ၊ ဘယ်လို ကာကွယ်ရမလဲ ဆိုတာတွေကို ကိုသန့်ဇင် ပြောပြထားပါတယ်။