ဂျော့ချ် အိုဝဲလ် စာအုပ်နဲ့ ယနေ့ခေတ် ရုရှား
စာရေးဆရာကြီး ဂျော့ချ် အိုဝဲလ်ရဲ့ ၁၉၈၄ ဆိုတဲ့ အလုံးစုံ ထိန်းချုပ်ခြင်းရဲ့ ဆိုးကျိုးတွေအကြောင်း စာအုပ်ကို ထုတ်ဝေခဲ့တာ ၇၅ နှစ် ပြည့်ခဲ့ပြီ ဖြစ်ပါတယ်။ စာအုပ်ထဲမှာ စာရေးဆရာကြီး ပေးချင်တဲ့ သတင်းစကားက ကမ္ဘာတ၀န်းက စာဖတ်ပရိသတ်တွေဆီ ရောက်ခဲ့သလို ရောက်နေဆဲ ဖြစ်ပါတယ်။ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံကို စစ်ပြု ကျူးကျော်နေပြီး ပြည်တွင်းမှာလည်း ဝေဖန်သံတွေ ဆိတ်သုဉ်းဖို့ လုပ်နေတဲ့ ရုရှားမှာ ဖြစ်ပါတယ်။ အီဗန်နိုဗိုဆိုတဲ့ မြို့က ရုရှားလူမျိုးတချို့ အိုဝဲလ်ရဲ့ စာအုပ်အပေါ် အမြင်ကို ရုရှား ရေးရာ အယ်ဒီတာ စတိရိုဆင်ဘတ် တင်ဆက်ပေးထားတာကို ကိုရင်မောင်က ပြန်ပြောပြမှာပါ။