ရုရှားကို ပိတ်ဆို့ အရေးယူမှုတွေ တိုးဖို့ ထရမ့်စဉ်းစား
သမ္မတ ထရမ့်က ရုရှားက ယူကရိန်း မြို့ကြီးတွေကို ဆက်လက်ပြီး ပစ်ခတ်တိုက်ခိုက်နေတာနဲ့ပတ်သက်လို့ အတော် စိတ်ဆိုးဒေါသထွက်မိကြောင်းနဲ့ နောက်ထပ် ပိတ်ဆို့ အရေးယူမှုအသစ်တွေပါ ထပ်မံ ပြဋ္ဌာန်းဖို့ စဉ်းစားနေကြောင်း ပြောပါတယ်။ မစ္စတာ ထရမ့်က အပစ်ရပ်ရေး ဆွေးနွေးနေတဲ့ ကာလအတွင်းမှာပဲ အခုလို ညစဉ်ဆက်တိုက် လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်နေတဲ့ အပေါ်မှာ သူ မနှစ်မြို့တဲ့ အကြောင်း ပြောပါတယ်။ ရုရှားဘက်က တနင်္ဂနွေနေ့မှာ အပြင်းထန်ဆုံး လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့ရမှာ လူပေါင်း ၁ ဒါဇင်ထက်မနည်းသေဆုံးခဲ့ရပါတယ်။ အရူနာ လေယာန်ဂါရဲ့ သတင်းကို မသီရိဇော်က ပြောပြမှာပါ။