မြစ်ကြီးနားထောင် ဆန္ဒပြပွဲ ပစ်ခတ်နှိမ်နင်းခံရ
မြစ်ကြီးနားအကျဉ်းထောင်မှာ ဧပြီ ၁၈ ရက် ညနေပိုင်းက အကျဥ်းသားတွေ ဆန္ဒပြမှုကို အကျဥ်းထောင်ဝန်ထမ်းတွေက ပစ်ခတ်နှိမ်နင်းလို့ အနည်းဆုံး လူ ၄ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရခဲ့ပါတယ်။ ဆန္ဒပြသူတွေကိုလူစုခွဲဖို့ နှစ်ကြိမ်ပြောကြားခဲ့ပေမဲ့ ဝန်ထမ်းတွေကို ရန်ပြုလို့ အဓိကရုဏ်းနှိမ်နင်းရေးလက်နက်တွေနဲ့ ပစ်ခတ်ခဲ့တာလို့ စစ်ကောင်စီကလည်း ဝန်ခံထုတ်ပြန်လာပါတယ်။ ဧပြီ ၁၉ ရက်မနက်ပိုင်းအထိ ထောင်တွင်း ဆန္ဒပြမှု တချို့ ဆက်ရှိနေပါတယ်။ လူသေဆုံးတဲ့အထိဖြစ်ခဲ့တဲ့ မြစ်ကြီးနားထောင်အခြေအနေကို မဇာဏီထွဏ်းက စုစည်းပြောပြမှာပါ။